Website တစ်ခု Launch မလုပ်ခင် စစ်ဆေးသင့်သည့် အချက်များ

Home / Website / Website တစ်ခု Launch မလုပ်ခင် စစ်ဆေးသင့်သည့် အချက်များ
10NovLists to check before your website launch

Website တစ်ခုမှာ design, layout, contents တွေပြည့်စုံပြီဆိုရင်တောင်မှ ပြီးပြည့်စုံတဲ့ website တစ်ခုဖြစ်ဖို့ လမ်းတစ်၀က်မှာပဲရှိပါသေးတယ်။ သင့် website ကို Launch မလုပ်ခင် မှာ ဘာတွေစစ်ဆေးဖို့ လိုအပ်နေသေးတာလဲဆိုတာ အောက်ပါအခြေခံအချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Contents

စာလုံးပေါင်းတွေမှန်ကန်မှုရှိရဲ့လား၊ list style လို စာတွေမှာ bullet တွေပါရဲ့လား၊ company contact info တွေ (address, phone no, email, etc) တွေမှန်ရဲ့လား၊ title မှာ Favicon ပါပြီလား စစ်ပေးရပါမယ်။

၂။ Form

Contact Form ဆိုတာ user နဲ့ ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားလေးပါပဲ။ form ကနေတဆင့် user ရဲ့ information တွေ လက်ခံရရှိနိုင်ရဲ့လား၊ error တက်နေလား ဆိုတာကို စစ်ဆေးရပါမယ်။ Submission successful ဖြစ်ပြီဆိုရင် “Thank You” page လေးပါ ထည့်ပေးရင်တော့ အကောင်းဆုံးပေါ့။

၃။ Broken Link

Navigation link တွေ၊ button link တွေ၊ social media link ေတွက မှန်ကန်တဲ့ နေရာဆီ ချိတ်ဆက်မှုရှိမရှိ စစ်ဆေးရပါမယ်။ မိမိ Website က စာမျက်နှာနည်းနည်းလေးဆို ပြဿနာမရှိ‌ပေမယ့် စာမျက်နှာများရင် ကျန်ခဲ့နိုင်ပါတယ်။ အဲ့လိုပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အလွယ်ဆုံးနည်းကတော့ online check ကို အသုံးပြုလိုက်တာပါပဲ။ ဒီလင့်မှာ https://www.brokenlinkcheck.com/ သွားစစ်ဆေးနိုင်ပါတယ်။

၄။ Responsive

မိမိ website က desktop, laptop, table နဲ့ mobile တွေလို screen အမျိုးမျိုးမှာ လိုက်လျောညီထွေမှု ရှိရဲ့လား၊ ပုံတွေ စာတွေပြတ်နေလား၊ အချိုးညီညာမှုရှိရဲ့လား၊ scroll အပြင်ရောက်နေလား စစ်ဆေးရပါမယ်။ https://responsive.io/ လို website မျိုးတွေမှာ စစ်ဆေးနိုင်ပါတယ်။

၅။ Browser Compatibility

Browser တွေကလည်းအမျိုးမျိုးရှိတဲ့အပြင် version ေတွကလည်းကွဲကြသေးတယ်ဆိုတော့ အများအားဖြင့် animation effect တွေသုံးထားမယ်ဆိုရင် browser တိုင်းနဲ့ compatibility ဖြစ်မဖြစ် စစ်ဆေးရပါမယ်။ CSS3 မှာ effect တစ်ခုသုံးမယ်ဆိုရင် browser တစ်ခုဆီအတွက် တစ်ကြောင်းစီရေးပေးရတာမျိုးတွေရှိတတ်တဲ့အတွက်ပါ။ ဒီလင့်မှာ http://browsershots.org/ စစ်ဆေးနိုင်ပါတယ်။

၆။ 404 page

Custom 404 page တစ်ခုရှိပြီလား။ user က url link မှာ စာလုံးပေါင်းမှားသွားရင်ဖြစ်ဖြစ် “Page Not Found!” ဆိုပြီး ဖော်ပြပေးမယ့် page တစ်ခု ရှိမရှိ စစ်ရပါမယ်။

၇။ Speed

Loading ကြာချိန်ကို စစ်ပေးတဲ့ website ေတွလည်းအများကြီးရှိပါတယ်။ Css တွေ Js တွေကို minified လုပ်သင့်ရင် လုပ်ရပါမယ်။ ထည့်သွင်းအသုံးပြုထားတဲ့ပုံတွေက လိုအပ်တဲ့ size ထက်ကြီးနေရင် size သေးပြီး ပြန်အစားထိုးပေးသင့်ပါတယ်။ header မှာ မလိုအပ်တဲ့ url link တွေ ရှိနေရင် လည်း ဖြုတ်သင့်ပါတယ်။

၈။ Backup

Developer အများစုကတော့ git control ေတွသုံးတာမို့ ပြဿနာမရှိပေမယ့် တချို့ user တွေအတွက်တော့ backup တစ်ခုထားရှိရမှာက မဖြစ်မနေလုပ်ဆောင်ရမယ့်အချက်ပါပဲ။

အထက်ပါ အချက် တွေကတော့ အခြေခံလိုအပ်ချက်လေးတွေပါ။ မိမိ website အမျိုးအစားပေါ်မူတည်ပြီး တခြားလိုအပ်တဲ့ အချက်များစွာလည်း ရှိပါသေးတယ်။

Read More: https://treemyanmar.com/blog/

သင့်လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိပြီး လှပသေသပ်တဲ့ Professional website ကောင်းကောင်းတစ်ခုလုပ်ဖို့ စိတ်၀င်စားရင်တော့ Tree Myanmar မှ အသက်သာဆုံးစျေးနှုန်းဖြင့် ၀န်ဆောင်မှုပေး‌နေပါတယ်။
#TreeMyanmar #WebDesign #GraphicDesign See Less
— at Yangon, Myanmar.
Comments

ABOUT US

We have much planned for the future, working with great clients and continued website development

Follow Us:

NEWSLETTER

Join our mailing list to receive news and announcements

2021 @ Copyright. All Right Reserved by Tree Myanmar.