သင့်ရဲ့ Website အတွက် ဘာကြောင့် WordPress ကို အသုံးပြုသင့်သလဲ

သင့် website အတွက် ဘာ‌ကြောင် WordPress ကို အသုံးပြုသင့်သလဲ
 
WordPress ရဲ့ အဓိကအားသာချက်ကတော့ အသုံးပြုရလွယ်ကူပြီး website အမျိုးအစားပေါင်းများစွာကို အလွယ်တကူ ဖန်တီးနိုင်ခြင်းပဲဖြစ်ပါတယ်။ မကြာသေးမီက ကောက်ယူထားတဲ့ စစ်တမ်းများအရဆိုရင် အင်တာနက်ပေါ်က website အားလုံးရဲ့ 32.3% ဟာ wordpress ကို အသုံးပြုထားတာဖြစ်ပါတယ်။ Time Magazine, The New Yorker, Sony, Disney, Target, The New York Times တို့လို နာမည်ကျော် brand တွေလည်း အပါအ၀င်ပါ။
 
ကဲ ဘာ‌ကြောင့် wordpress ကို အသုံးပြုသင့်သလဲဆိုတာ တစ်ချက်ကြည့်ရအောင်
 
၁။ အခမဲ့ software ဖြစ်ခြင်း
 
အခမဲ့ software တစ်ခုဖြစ်တာ‌ကြောင့် အလွယ်တကူ ‌download ရယူသုံးစွဲနိုင်ပါတယ် update versionn တွေလည်း မကြာခဏ ထွက်ရှိနေပါတယ်
 
၂။ အသုံးပြုရလွယ်ကူခြင်း
 
အခမဲ့ template ပေါင်းများစွာထဲကမှ မိမိနှစ်သက်ရာကို ‌‌ဒေါင်းပြီး စိတ်ကြိုက်ပြင်ဆင်ဖို့ လွယ်ကူပါတယ်။ coding နားလည်စရာမလိုပဲနဲ့ မိမိလိုအပ်ချက်နှင့်လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်နိုင်တဲ့အပြင် လိုအပ်တဲ့ plugin တွေလည်း free ရတာရော premium ပါ အစုံအလင်ရှိပါတယ်။
 
၃။ SEO friendly
 
Template တိုင်းက စံလိုက်နာမှုမြင့်မားတဲ့ အရည်အသွေးရှိ coding ကို အသုံးပြုထားတာကြောင့် google အပါအ၀င် တခြား search engine တွေရဲ့ အကြိုက်ဖြစ်နေပါတယ်။ SEO နဲ့ ပတ်သက်တဲ့ plugin မျာလည်း ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။
 
၄။ စီမံရလွယ်ကူခြင်း
 
WordPress မှာ အသုံးပြုသူတွေအတွက် စီမံခန့်ခွဲမှုစနစ်ပါဝင်ပါတယ်။ သင့်ရဲ့ WordPress admin dashboard မှ plugins နဲ့ themes များကို update လုပ်နိုင်ပါတယ်။ Version အသစ်ထွက်ချိန်မှာလဲ dashboard မှတဆင့် သိရှိနိုင်မှာပါ။ ဒါ‌ကြောင့် click တစ်ချက်နှိပ်ရုံနဲ့ သင့်ရဲ့ website ကို update ပြုလုပ်နိုင်မှာပါ။
 
အထက်ပါအကြောင်းအရာအတွေကတော့ အဓိကအချက်တွေပေါ့နော် wordpress ကို အသုံးပြုပြီး ဒါထက်အများကြီး လုပ်လို့ရတာ ရှိပါသေးတယ် ဥပမာ – e-commerce, booking , job portal လို function တွေပါတဲ့ website မျိုးတွေလည်း တည်ဆောက်လို့ရပါတယ်
 
သင့်လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိပြီး လှပသေသပ်တဲ့ profesional website ကောင်းကောင်းတစ်ခုလုပ်ဖို့ စိတ်၀င်စားရင်တော့ Tree Myanmar မှ အသက်သာဆုံးစျေးနှုန်းဖြင့် ၀န်ဆောင်မှုပေး‌နေပါတယ်။
 
#TreeMyanmar #Website

Leave a Reply

Your email address will not be published. Required fields are marked *