WordPress Website တစ်ခုအတွက် မရှိမဖြစ် Plugin (5) မျိုး
WordPress နဲ့ Website တည်ဆောက်မယ်ဆိုရင် plugin တွေက မပါမဖြစ်ပါပဲ။ ကိုယ်သုံးလိုက်တဲ့ theme ထဲမှာ built-in plugin တွေ ပါပြီးသားပေမယ့် တချို့ function တွေအတွက် custom plugin တွေကို ယူသုံးနေရတုန်းပါပဲ။ WordPress အတွက် လက်ရှိထွက်ရှိထားတဲ့ plugin ပေါင်း 54,000+ လောက်ရှိနေပါတယ်။ Beginner တွေအတွက်တော့ ဒီလောက်များတဲ့အရေအတွက်ထဲမှာမှ မိမိလိုအပ်ချက်နဲ့တကယ်ကိုက်ညီတဲ့ plugin တွေ ယူသုံးဖို့ အခက်အခဲရှိနိုင်ပါတယ်။ ယေဘုယျအနေနဲ့ wordpress website တစ်ခုတည်ဆောက်တော့မယ်ဆိုရင် အခြေခံအားဖြင့် ပါ၀င်ရမယ့် plugin များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Page Builder Plugin
Website တစ်ခုတည်ဆောက်ဖို့အတွက် အရေးကြီးဆုံးက design & layout ပါပဲ။ မိမိ website ကို ၀င်ရောက်ကြည့်ရှုတဲ့ user ကို ဆွဲဆောင်ဖို့က Design & Layout က အဓိကပါပဲ။ Content အနေနဲ့ဆိုရင်လည်း တိုတိုရှင်းရှင်း သုံးသင့်ပါတယ်။ ဘယ်သူကမှ စာအရှည်ကြီးတွေ လိုက်ဖတ်နေချင်ကြဘူးမဟုတ်လား။ ဆိုတော့ ဒီ လို Design & Layout ချဖို့ အတွက် plugin တွေလဲ အများကြီးထွက်ထားတယ်။ အသုံးအများဆုံး 5 မျိုးကတော့ Visual Composer (WP bakery), Elementor, Divi, Beaver & themify တို့ပါ။ free version နဲ့ premium version နှစ်မျိုးစီရှိပါတယ်။ premium ၀ယ်မယ်ဆိုရင်တော့ $50 နဲ့ $90 အတွင်းရှိပါတယ်။
၂။ Form Plugin
Website တစ်ခုမှာ contact form ကလည်း user တွေနဲ့ဆက်သွယ်ပေးဖို့ မရှိမဖြစ်လိုအပ်ချက်ပါ။ Contact form အတွက် အသုံးအများဆုံး plugin 3 ခုကတော့ Contact form, Ninja form & Wp form တို့ပါ။ WP form ကတော့ form design နဲ့ column ခွဲတာမျိုးဆို သုံးရပိုလွယ်ပါတယ်။
၃။ SEO plugin
လူတိုင်းလိုလို online သုံးပြီး google ခေါက်နေတဲ့ခေတ်မှာ မိမိ website ကို search engine ရဲ့ အပေါ်မှာ မြင်ရဖို့ SEO ( Search Engine Optimization) ကလည်း မပါမဖြစ်ပါပဲ။ SEO press, All in One SEO pack & Yoast SEO တို့ကတော့ အသုံးများဆုံးပါပဲ။ Yoast SEO ဆိုရင် page တစ်ခုချင်းစီအလိုက် အရောင်သတ်မှတ်ချက်တွေနဲ့ SEO ဖြစ်မဖြစ် ဖော်ပြပေးတာမို့ ပိုအသုံးပြုရ အဆင်ပြေပါတယ်။
၄။ Speed
User တစ်ယောက်က website တစ်ခုကို ၀င်လိုက်ပြီဆိုတာနဲ့ loading speed က ကြာနေရင် စိတ်မရှည်ပဲ ပြန်ထွက်သွားနိုင်ပါတယ်။ loading speed မြန်နေဖို့ကလည်း မရှိမဖြစ်ပါပဲ။ မလိုအပ်တဲ့ plugin တွေ activate လုပ်ထားတာမျိုး၊ cache တွေရှိနေတာမျိုး၊ Css တွေ Js တွေ minified မဖြစ်တာတို့နဲ့ image size တွေက သတ်မှတ်ချက်ထက် size တွေကြီးနေရင်တော့ loading speed ေနှးနိုင်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ plugin တွေကတော့ WP rocket(premium), Swift Performance Lite, Optimize, Imagify တို့ရှိပါတယ်။ Imagify ဆိုရင် မလိုအပ်တဲ့ image size တွေကို ချုံ့ပေးတာကြောင့် တော်တော်အသုံး၀င်ပါတယ်။
၅။ Security
Website တစ်ခု hack မခံရဖို့ Security ဖြစ်နေဖို့ကလဲ လိုအပ်ချက်တစ်ခုပါပဲ။ backup သာလုပ်မထားခဲ့ရင် hack ခံရလို့ရကတော့ လုပ်ထားသမျှသွားပြီပဲ။ အသုံးများဆုံး plugin တွေကတော့ Wordfence, BulletProof Security, Sucuri & 6Scan Security တို့ပါပဲ။ အကုန်လုံး Free ရပါတယ်။
အထက်ပါ plugin တွေကတော့ အခြေခံလိုအပ်ချက်လေးတွေပါ။ မိမိ website အမျိုးအစားပေါ်မူတည်ပြီး လိုအပ်တဲ့ plugin တွေကို လည်း သုံးလို့ရပါသေးတယ်။
For More Reading: https://treemyanmar.com/blog/
သင့်လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိပြီး လှပသေသပ်တဲ့ Professional website ကောင်းကောင်းတစ်ခုလုပ်ဖို့ စိတ်၀င်စားရင်တော့ Tree Myanmar မှ အသက်သာဆုံးစျေးနှုန်းဖြင့် ၀န်ဆောင်မှုပေးနေပါတယ်။
#TreeMyanmar #WebDesign #GraphicDesign See Less
— at Yangon, Myanmar.
Leave a Reply
You must be logged in to post a comment.